May 30, 2009

အေသင်ချိုဆွေ





ဒီနေ့တော့ ဘာမှမလုပ်ဖြစ်ပါဘူး .. အင်တာနက် speed လေးကောင်းလို့ post တင်လိုက်တာပါ .. အခုတစ်လော အေသင်ချိုဆွေ ဆိုတဲ့ အဆိုတော်အကြောင်းကို အရမ်းပဲ စိတ်ဝင်စားနေလို့ မရမက ကိုလိုက်ရှာလိုက်တာ နောက်ဆုံးပေါ်ပြူလာဂျာနယ် မှာ တော့ သတင်းနည်းနည်းတွေ့ခဲ့ရပါတယ်


အသက် (၁၆)နှစ်သာ ရှိသေးတဲ့ အေသင်ချိုဆွေရဲ့ ပေါက်တဲ့အိုး စီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံလမ်းမှာ ရှိတဲ့ City Star Hotel မှာ (၅၊၁၊၂ဝဝ၉) ရက်ကနေ့လယ် (၁)နာရီမှ (၃)နာရီ အထိ ကျင်းပခဲ့ပါတယ်။ ပေါက်တဲ့အိုး စာနယ်ဇင်း မိတ်ဆက်ပွဲမှာ အခမ်းအနားမှူး အဖြစ် အလင်းတန်း ဂျာနယ်မှ ကိုလင်းနိုင်ဦးက ဆောင်ရွက်ပေးပြီး ဦးအောင်သျှံဝိုင်း ရဲလေး၊ ကြက်ဖ၊ ဂျောက်ဂျက်၊ သြရသတို့က အမှတ်တရ စကားများ ပြောကြားခဲ့ကာ စာနယ်ဇင်း ဆရာများကို အပ်နှံခဲ့ပါတယ်။ အေသင်ချိုဆွေရဲ့ ပေါက်တဲ့အိုး တစ်ကိုယ်တော် တေးစီးရီးခွေမှာ ကြက်ဖ၊ ရဲလေး၊ ဂျောက်ဂျက်၊ သြရသတို့က အားဖြည့် သီဆို ပေးထားပြီး မူပိုင် ဒေါ်ဆွေ၊ တေးရေး နောင်နောင်(SF)၊ ဇဝါ၊ ကြက်ဖ၊ ရဲလေး၊ ဂျောက်ဂျက်၊ သြရသ၊ အေသင်ချိုဆွေတို့က ရေးသား ထားပါတယ်။ တေးသီချင်း (၁၂)ပုဒ် ပါရှိပြီး အေသင်ချိုဆွေက လေပြည်နဲ့ အပြုံးလေး သီချင်းကို အားအရဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြန့်ချိရေးကို ထင်းရှူးရိပ် တေးသံသွင်းက ဖြန့်ချိမှာ ဖြစ်ပြီး (၂၅၊၁၊၂ဝဝ၉)ရက်၊ နေ့လယ် (၁)နာရီတွင် Happy World မှာ လက်မှတ်ထိုး ဖြန့်ချိမယ်လို့ သိရပါတယ်။



တေးသံရှင် အေသင်ချိုဆွေရဲ့ ပေါက်တဲ့အိုးလို့ နာမည် ပေးထားတဲ့ တေးစီးရီးသစ် Tape နဲ့ CD ကို ထင်းရှူးရိပ် တေးသံသွင်းက(၂၅၊၁၊၂ဝဝ၉)ရက်မှာ စတင် ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ စီးရီးသစ် စတင် ဖြန့်ချိခြင်း အထိမ်းအမှတ် အဖြစ် Promotion ပွဲကို နေ့လယ် (၁)နာရီမှာ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ်၊ ကန်တော်မင်္ဂလာ ပန်းခြံ အတွင်းရှိ ဟက်ပီးဝါး အမှတ်(၁)မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ တေးသံရှင် အေသင်ချိုဆွေနဲ့ အတူ အနုပညာရှင်များက အမှတ်တရ လက်မှတ်များ ရေးထိုး ရောင်းချကာ တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ အေသင်ချိုဆွေရဲ့ ပေါက်တဲ့အိုး စီးရီးမှာ တေးရေးဆရာများ ဖြစ်တဲ့ နောင်နောင်(S.F)၊ ဇဝါ၊ ကြက်ဖ၊ ရဲလေး၊ သြရသ၊ အေသင်ချိုဆွေတို့က တေးသီချင်းများ ရေးစပ် ပေးခဲ့ကြတာ ဖြစ်ပါတယ်။ တေးဂီတ ကိုတော့ HGK၊ ချမ်းအေးဝင်း၊ G-Tone၊ စိုးမိုးသန်း၊ ကြယ်စင် အလင်းတန်း၊ ဇေထူးအောင် တို့က တီးခတ် ဖန်တီး ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဟာမိုနီကိုတော့ Evergladtes အဖွဲ့က သီဆို ပေးခဲ့ကြပြီး မြင့်ဇော်နဲ့ စိုးမင်းထွန်း (Now) တို့က အသံဖမ်း ပေးခဲ့ကြတာ ဖြစ်ပါတယ်။ Featuring အနေနဲ့ ကြက်ဖ၊ ရဲလေး၊ သြရသတို့က သီဆို ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစီးရီးမှာ ပါဝင်တဲ့ တေးသီချင်း များကတော့ ရှုပ်ထွေးခြင်း၊ မင်းသမီး၊ ပေါက်တဲ့အိုး၊ လမ်းမခွဲကြေး၊ လေပြည်၊ ရပ်၊ ကမ်းမမြင်လမ်းမမြင်၊ အပြုံးလေးပြိုလဲ ကြေကွဲ၊ စိတ်ကူးရွက်ကြွေ၊ ချစ်ခဲ့ဖူးပြီ၊ ကံကောင်းတဲ့ချစ်သူ သီချင်းတို့ ပါဝင်ကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment