Aug 26, 2010

Client Side Validation with JavaScript in ASP.NET

http://www.c-sharpcorner.com/UploadFile/purankaushal/103222006013805AM/1.aspx

Aug 25, 2010

The Blogger “Read More” Expandable Posts Link

ဒီဟာလည်း Read more button လုပ်တာပါပဲ။ လွယ်လဲလွယ်လို့ နောက်ပီးတော့ သူ့မှာ တခြားဖြည့်စရာ javascript တွေလည်း မလိုဘူးလေ. Edit html မှာ copy ကူးထည့်လိုက်ရုံပဲ။ ဒီ Read more ကတော့ သူ့ကို နှိပ်လိုက်တာနဲ့ အဲဒီ ပိုစ့် ကိုတစ်ခုတည်း သပ်သပ်ဖော်ပြမှာ ဖြစ်ပါတယ်။ ပိုစ်အောက်ခြေမှာလည်း comment box ကို တွေ့ရမှာ ဖြစ်ပါတယ်။ အရင်က ရေးခဲ့ဖူးတဲ့ Read more လိုပါပဲ ။ ဒါပေမယ့် blogger new editor နဲ့ လုပ်တာ မဟုတ်ပါဘူး ။
Step #1 - Update Your Template Code
အရင်ဆုံး widge ကို expend အရင်လုပ်ပါ။ ပြီးရင် post-header-line-1 ဆိုတဲ့ကုတ်ကို ရှာပါ။ ပြီးရင် အောက်က ကုတ်တွေကို < class="’post-header-line-1′/"> တို့ < class="’post-header-line’"> တို့ နောက်ကနေ ထည့်ပါ။

< b:if cond='data:blog.pageType == "item"'>
< style> .fullpost{display:inline;}</style>
< p> < data:post.body/></p>
< b:else/>
< style > .fullpost{display:none;} < /style>




ပြီးရင် Read more ကို နှိပ်လိုက်ရင် ပေါ်အောင် ကုတ်ထည့်ပါမယ်။ အောက်ကကုတ်ပါ။

< b:if cond='data:blog.pageType != "item"'> < br />
< a expr:href='data:post.url'> Read more...< /a>
< /b:if>
< /b:if>



ဒီမှာ if နှစ်ခုဖြစ်နေလို့ မှားမယ် ထင်နေဦးမယ်။ မမှားပါဘူး။ ကုတ်တွေ အားလုံးထည့်ပီးရင် final ပုံက ဒီမှာပါ။ အ၀ါနဲ့ ပြထားတာက အဲဒါ ဖြည့်လိုက်တဲ့ကုတ်တွေပါ။

Step #2 - Add a Class Tag in Your Default Post Template
ပြီးရင် post template ကို ပြင်ပါမယ်။ settings က formatting ကို သွားပီးတော့ အောက်ဆုံးအကွက်မှာ

< class="fullpost">
< /span>

အတိုင်းဖြည့်လိုက်ပါ ။ save setting လုပ်ပါ။ ဒါဆိုရင် New post လုပ်မယ် ကြံတိုင်း အဲဒီ span ကို တွေ့ရမှာ ဖြစ်ပါတယ်။

Step #3 - Create a New Post
ပိုစ် အသစ်ကိုတင်နိုင်ပါပီ။ အဲဒါ တင်တဲ့ အခါမှာ span tab နှစ်ခုကြားထဲမှာ ထည့်ရမယ့် အကြောင်းတွေက တော့ Read more ကို နှိပ်လိုက်ရင် ပေါ်စေချင်တဲ့ အရာတွေ ဖြစ်ပါတယ်။ အောက်က ပုံမှာကြည့်ပါ။

MORE info -> http://bloggingforbread.blogspot.com/2008/02/add-blogger-read-more-expandable-posts.html

Aug 18, 2010

MSSQL server - prevent saving changes TABLE


အရင်က SQL ဆာဗာနဲ့ table တွေ ဆောက်ပါတယ်။ ပြီးရင် data တွေ ဖြည့်ပါတယ်။ အဲဒီလို ဖြည့်ရင်းနဲ့ တခါတလေ ပြင်စရာလေးတွေ ရှိလာရင် (ဥပမာ - Data Type ဖြစ်ဖြစ် Column Name ဖြစ်ဖြစ် ) Open Table definition ကို ဖွင့်ပြီးတော့ ပြင်လေ့ ရှိပါတယ်။ တခါတလေ ပြင်ပြီး save တဲ့ အခါ လျောလျော လျူလျူ ဖြစ်သွားပေမယ့် တခါတလေမှာတော့ ဒီလိုကြီး ပြင်ခွင့်မပြုနိုင်ဘူးဆိုပြီးတော့ error တက်ပါတယ် . အရင်က အဲလိုမျိုး error တက်ရင် တခါပြန်ပြီးတော့ table ကို အသစ်ပြန်ဆောက်လိုက်ပါတယ် အလုပ်ရှုပ်မခံချင်လို့ ။ နောက်ပီး data တွေကလည်း server ထဲမှာ နဲနဲလေးကိုး ။ နောက်ပိုင်းများလာရင်တော့ ပြန်ဆောက်ဖို့ ဆိုတာမလွယ်ပါဘူး ။ အခု အဲဒီ error ကို ဖတ်ကြည့်ရင်းနဲ့ နည်းလေးကို တွေ့လို့ပါ။ error ကို ပြင်ဖို့ အောက်ပါအတိုင်း ၀င်ပါ။
Tools - Options - Table and Diagram Options ထဲကို ၀င်ပြီးတော့ Prevent savingchanges that require table re-creation ကို uncheck လုပ်ပေးလိုက်ပါ. အဲဒါဆိုရင် Table စိတ်ကြိုက်ပြင် စိတ်ကြိုက် save လို့ ရပါပီ။



Lan Mac Address ကို ပြောင်းနည်း


တကမ္ဘာလုံးမှာ unique တစ်ခုပဲ ရှိတဲ့ ဒီ MAC Address ကို ချိန်းလို့ ရမယ်လို့ အရင်တုန်းက မသိပါဘူး ။ အခုတော့သိသွားပီ . သူငယ်ချင်းတစ်ယောက်ပြောပြလို့ပါ ။
Network Connection ထဲက Local Area Connection ကို နှိပ်လိုက်ပါ..right click - Properties - Configure - Advanced - Network Address မှာ Not Present ကို ပြင်ပြီး အပေါ်မှာ ကိုယ်ထည့်ချင်တဲ့ MAC address ထည့်လိုက်ရင် ရပါပီ။ မူရင်း Address ကို ပြန်ချိန်းဖို့ကတော့ Not Present ကို check လုပ်ရင် ရပါပီ။

Aug 16, 2010

Jasmine V

အဲကောင်မလေးကို Justin Bieber - Baby ft. Ludacris ရဲ့ MTV မှာ မြင်ပြီးတော့ ကြိုက်သွားတာပါ။ စတိုင်လေးမိုက်လို့ ..

Aug 6, 2010

How to add Smilies/ Emoticons in Google Talk (Gtalk)


smiley ဆိုတာ google talk စတင်လိုက်တာနဲ့ ပါလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် gtalk မူရင်းမှာ အဲဒီ smiley ပုံလေးတွေ မပေါ်ပါဘူး။ အပြာရောင် စာလုံးလေးအနေနဲ့သာ ဖော်ပြပေးပါတယ်။ အဲလိုမျိုး smiley တွေကို ကာတွန်းရုပ်လေးတွေနဲ့ ပေါ်စေချင်ရင်တော့ Gtheme တို့ Mytheme တို့လို theme တွေ တင်ရပါတယ်။ ဒါဆိုရင် တဖက်က smiley ရိုက်လိုက်တာနဲ့ တဖက်မှာ ပေါ်ပါလိမ့်မယ် (နှစ်ဦးစလုံးတင်ထားဖို့တော့လိုပါမယ်)။ အခုပြောမှာက အဲဒီ smiley တွေကို ကိုယ့်ဟာကို ထပ်ဖြည့်လို့ရတယ် ဆိုတာပါပဲ။ ကိုယ့်ဟာကို shortcut တွေ သတ်မှတ်လို့ရပါတယ် ။
Theme သဘောတရား
gtalk မှာ theme တွေ တင်လိုက်တာနဲ့ (ဘာ theme ပဲဖြစ်ဖြစ်ပါ) သူတို့ရဲ့ access folder က
For window 7
username -> AppData -> Local -> Google -> Google Talk -> themes
For window XP
username
ထဲက user ဖိုလ်ဒါ ထဲမှာ အလုပ်လုပ်ပါတယ်။ system ထဲမှာကတော့ gtalk တင်ကတည်းက ပါလာတယ့် original theme တွေထည့်ထားပါတယ်။ (Bubble,classic,SwissPicture စသည်)။ user ဖိုလ်ဒါ ထဲမှာ ကြည့်မယ်ဆိုရင် user -> chat ထဲမှာ theme တွေကို folder အလိုက်ခွဲထားပါတယ်။ တစ်ခုစီကို ၀င်ကြည့်လိုက်မယ်ဆိုရင် images ဆိုတဲ့ folder ကို တွေ့ပါလိမ့်မယ်။ အဲဒီမှာ smiley ပုံတွေအားလုံးကို သိမ်းထားတာဖြစ်ပါတယ်။ အဲဒီပုံလေးတွေကို Incoming နဲ့ Outgoing ထဲက Content,NextContent တွေကနေပြီး gtalk chatbox မှာ ပေါ်စေတာဖြစ်ပါတယ်။ အဲဒီ ဖိုင်တွေကို Notepad နဲ့ ဖွင့်ကြည့်မယ်ဆိုရင် အောက်ဆုံးမှာ အောက်ပါ ကုတ်ကို တွေ့ပါလိမ့်မယ်။
smiley1= smiley1.replace(/:blush/g, '< src="images/9.gif" style="display:inline;">');
အဲဒီကုတ်က chat စာသားကို ပုံအဖြစ်ပြောင်းပေးတာပါ ။
Theme မှာ smiley ပေါင်းထည့်ခြင်း
smiley ပုံ အသစ်ကို ဒေါင်းလိုက်ပါ။ smiley တွေကတော့ နေ့စဉ်နဲ့ အမျှအသစ် ထွက်နေတုန်းပါပဲ။ free smiley တွေကို ဒီမှာ ယူလိုက်ပါ။ ပြီးရင် အဲဒီပုံလေးကို ကြိုက်နှစ်သက်ရာ theme folder ထဲက images ဖိုလ်ဒါထဲကို ထည့်လိုက်ပါ။ ပြီးရင် ခုနက Content နဲ့ NewContent ဖိုင်တွေမှာ ရှိတဲ့ ဖော်ပြခဲ့တဲ့ ကုတ်လေးကို ပြင်ပြီး (image name နဲ့ shortcut key) အသစ်ထည့်လိုက်ရင် ရပါပြီ။ (သတိထားရမှာက Incoming ရော Outgoing မှာပါ လုပ်ရမှာပါ)
Problems
အခုဖော်ပြထားတာတွေကိုလုပ်လိုက်ရင် ကိုယ်ပိုင် shortcut နဲ့ ကိုယ်ပိုင် smiley သတ်မှတ်ခြင်းသာဖြစ်ပြီး သူများဆီကို type လိုက်ရင် သူများက မြင်ရမှာမဟုတ်ပါ။ မြင်ချင်ရင် မိမိကဲ့သို့လိုက်လုပ်ရမှာဖြစ်ပါတယ်။ နောက်ပီး အခုက theme တစ်ခုထဲမှာသာ ဖြစ်ပြီး တခြား theme ပြောင်းလိုက်ရင် မြင်ရတော့မှာ မဟုတ်ပါ။

ဒီတလော(၁၅)

ဒီ template ကို ချိန်းချင်နေပီ။ ဘာဖြစ်တာလဲမသိ ။ ငြီးငွေ့သွားလို့နဲ့တူတယ် ။ ကြာပီကိုး၊ ဟိုးအရင်တခါ ပြောင်းလိုက်ကတည်းက ငြိမ်နေတာ။ ကုတ်တွေ ထပ်ပေါင်းစရာရှိပေါင်းတယ်။ အခြေခံကတော့ ဒီအတိုင်းပဲ။ ဘယ်ဟာကို ပြောင်းလို့ပြောင်းရမှန်းလဲ မသိတော့ဘူး။ blogger ကပေးတယ့် default template တွေပဲ ပြောင်းလိုက်ရင်ကောင်းမယ်။ ကိုကိုယ်တိုင်ကလည်း အဲလို အရောင်တွေ စပ်တာကို မမြင်တတ်ဘူး။ ပြောင်းတဲ့အခါ နောက် template ကိုလည်း ဒီလိုပဲ ရှင်းရှင်းလင်းလင်းလေးပဲ ဖြစ်ချင်တယ်။ နောက်ပေါ့ပေါ့ပါးပါးလေး လဲဖြစ်ချင်တယ်။ ဘယ်နေရာကမဆို ဖွင့်လိုက်ရင် ချက်ချင်း ပွင့်အောင်လို့ပါ ။ အော်.. ဘာလိုလိုနဲ့ ၁ နှစ်ပဲ ကျန်တော့တယ်။ မြန်မာနိုင်ငံ ပြင်ပမှာနေလာတာ ။ စုံနေပါပီ လုပ်ခဲ့တာတွေကတော့...Blog ကတော့ စရောက်ကတည်းကကို လုပ်ခဲ့တာ။ တော်တော်များများတော့ သိနေပါပီ။ zawgyi font ကို EOT လုပ်တာကတော့ အခုထိမှတ်မှတ်ရရပဲ ။ အခုထိလုပ်တာ မရသေးဘူး။ ဟီး.. လုပ်ခဲ့တာတွေကတော့ ချက်လိုင်းရော ဂိမ်းလိုင်းရော ဘလော့လိုင်းရော social website လိုင်းရော သတင်းလိုင်းရော ပရိုဂရမ်းမင်းလိုင်းရော ဖိုရမ်လိုင်းရော သီချင်းလိုင်းရော ဒေါင်းလုတ်လိုင်းရော။ အစုံပါပဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အားလုံးလုပ်ဖြစ်သွားတယ်။ ကောင်းတယ်ပဲ ပြောရမလား ဆိုးတယ်ပဲ ပြောရမလား အားလုံးတော့ သိသွားပါတယ်။ ချက်တင်းလဲ ထိုင်တယ်။ သူငယ်ချင်းတွေ များလာတယ်။ ဂိမ်းဆော့တော့ ရင်ခုန်မှုတွေနဲ့ ပျော်ရွင်မှုတွေကို တပြိုင်တည်းခံစားရတယ်။ ဘလော့လေးတွေ ရေးတော့လည်း ဒီလိုပါပဲ ပညာမျှဝေလိုက် ရတဲ့ပီတိနဲ့ စိတ်ထွက်ပေါက်တစ်ခု ရတာပေါ့။ နောက်သူငယ်ချင်းတွေ ရှာတဲ့အခါ social website သုံးဖြစ်ပါတယ်။ hi5 netlog person facebook zorpia friendster စုံသွားပါပီ။ ဘလော့ရေးတုန်းကတော့ တော်တော်ကို ၀င်ဖြစ်ပါတယ်။ အခုတော့လည်း ဘလော့ခေတ် ကုန်သလောက်ဖြစ်သွားပါပီ။ ဘယ်နေရာကြည့်ကြည့် ပိုစ့်အသစ်ကို မတွေ့သလောက်ပါပဲ ။
ဘာမှတော့မဟုတ်ပါဘူး စိတ်ထဲရှိတာတွေကို ရေးချလိုက်တာပါပဲ။ ။ ။