Aug 6, 2010

ဒီတလော(၁၅)

ဒီ template ကို ချိန်းချင်နေပီ။ ဘာဖြစ်တာလဲမသိ ။ ငြီးငွေ့သွားလို့နဲ့တူတယ် ။ ကြာပီကိုး၊ ဟိုးအရင်တခါ ပြောင်းလိုက်ကတည်းက ငြိမ်နေတာ။ ကုတ်တွေ ထပ်ပေါင်းစရာရှိပေါင်းတယ်။ အခြေခံကတော့ ဒီအတိုင်းပဲ။ ဘယ်ဟာကို ပြောင်းလို့ပြောင်းရမှန်းလဲ မသိတော့ဘူး။ blogger ကပေးတယ့် default template တွေပဲ ပြောင်းလိုက်ရင်ကောင်းမယ်။ ကိုကိုယ်တိုင်ကလည်း အဲလို အရောင်တွေ စပ်တာကို မမြင်တတ်ဘူး။ ပြောင်းတဲ့အခါ နောက် template ကိုလည်း ဒီလိုပဲ ရှင်းရှင်းလင်းလင်းလေးပဲ ဖြစ်ချင်တယ်။ နောက်ပေါ့ပေါ့ပါးပါးလေး လဲဖြစ်ချင်တယ်။ ဘယ်နေရာကမဆို ဖွင့်လိုက်ရင် ချက်ချင်း ပွင့်အောင်လို့ပါ ။ အော်.. ဘာလိုလိုနဲ့ ၁ နှစ်ပဲ ကျန်တော့တယ်။ မြန်မာနိုင်ငံ ပြင်ပမှာနေလာတာ ။ စုံနေပါပီ လုပ်ခဲ့တာတွေကတော့...Blog ကတော့ စရောက်ကတည်းကကို လုပ်ခဲ့တာ။ တော်တော်များများတော့ သိနေပါပီ။ zawgyi font ကို EOT လုပ်တာကတော့ အခုထိမှတ်မှတ်ရရပဲ ။ အခုထိလုပ်တာ မရသေးဘူး။ ဟီး.. လုပ်ခဲ့တာတွေကတော့ ချက်လိုင်းရော ဂိမ်းလိုင်းရော ဘလော့လိုင်းရော social website လိုင်းရော သတင်းလိုင်းရော ပရိုဂရမ်းမင်းလိုင်းရော ဖိုရမ်လိုင်းရော သီချင်းလိုင်းရော ဒေါင်းလုတ်လိုင်းရော။ အစုံပါပဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အားလုံးလုပ်ဖြစ်သွားတယ်။ ကောင်းတယ်ပဲ ပြောရမလား ဆိုးတယ်ပဲ ပြောရမလား အားလုံးတော့ သိသွားပါတယ်။ ချက်တင်းလဲ ထိုင်တယ်။ သူငယ်ချင်းတွေ များလာတယ်။ ဂိမ်းဆော့တော့ ရင်ခုန်မှုတွေနဲ့ ပျော်ရွင်မှုတွေကို တပြိုင်တည်းခံစားရတယ်။ ဘလော့လေးတွေ ရေးတော့လည်း ဒီလိုပါပဲ ပညာမျှဝေလိုက် ရတဲ့ပီတိနဲ့ စိတ်ထွက်ပေါက်တစ်ခု ရတာပေါ့။ နောက်သူငယ်ချင်းတွေ ရှာတဲ့အခါ social website သုံးဖြစ်ပါတယ်။ hi5 netlog person facebook zorpia friendster စုံသွားပါပီ။ ဘလော့ရေးတုန်းကတော့ တော်တော်ကို ၀င်ဖြစ်ပါတယ်။ အခုတော့လည်း ဘလော့ခေတ် ကုန်သလောက်ဖြစ်သွားပါပီ။ ဘယ်နေရာကြည့်ကြည့် ပိုစ့်အသစ်ကို မတွေ့သလောက်ပါပဲ ။
ဘာမှတော့မဟုတ်ပါဘူး စိတ်ထဲရှိတာတွေကို ရေးချလိုက်တာပါပဲ။ ။ ။