Oct 28, 2009

Generating the Keystream Letters

ဒီမှာ အဓိကကျတာ keystream ဆိုတာပြောခဲ့ပြီးပါပြီ ..အဲဒီ keystream ကို solitaire ကနေ ဘယ်လိုထုတ်မလဲ .. Solitaire ဟာ keystream ကို ဖဲထုတ်ကို အသုံးပြုပြီးဖော်ရပါတယ် ။ ဖဲထုတ်မှာ 13*4=52 + 2 joker = 54 cards ရှိပါတယ်။ ဖဲထုတ်မှာ ကတ်တွေ တည်ရှိနေနိုင်ပုံက 54 ! = 2.31*10^71 လောက်ဖြစ်နိုင်ပါတယ်။ solitaire အသုံးပြုဖို့အတွက် အဲဒီ 54 ကတ်လုံးကို အသုံးပြုပါမယ် ။ joker နှစ်ခုရှိတာကို တစ်ခုစီကို သီးခြားမှတ်သားထားပါ ။ နောက်ပိုင်းမှာ joker A နဲ့ joker B ဆိုပြီးအသုံးပြုမှာ ဖြစ်ပါတယ်။ (အမှတ်အသားကိုတော့ joker ပေါ်မှာပဲ တစ်ခုပေါ်မှာ A ၊ တစ်ခုပေါ်မှာ B လို့ ရေးထားရင် လုံလောက်ပါပြီ ) solitaire ကနေ keystream ကို အောက်ပါ အဆင့်များအတိုင်းလုပ်ပြီး ဖော်ရပါမယ်။
၁။ joker A ကိုရှာပါ။ အဲဒီ joker ကိုယူပြီး အောက်ဘက်ကို တစ်ကတ်ရွှေ့ပါ။
၂။ joker B ကိုရှာပါ။ အဲဒီ joker ကိုယူပြီး အောက်ဘက်ကို နှစ်ကတ်ရွှေ့ပါ။ဖဲချပ်တွေကို အပေါ်ဆုံးနဲ့ အောက်ဆုံးဖဲချပ်က ဆက်နေတယ်လို့ ယူဆပေးပါ။
ဥပမာ ၁။ ဖဲချပ်တည်နေပုံက A 7 2 B 9 4 1 ဆိုပါစို့ ။ step 2 ပြီးသွားတဲ့ အချိန်မှာတော့ အောက်ပါအတိုင်းဖြစ်နေပါလိမ့်မယ်။ 7 A 2 9 4 B 1
ဥပမာ ၂။ ဖဲချပ်တည်နေပုံက 3 A B 8 9 6 ဆိုပါစို့ ။ step 2 ပြီးသွားတဲ့ အချိန်မှာတော့ အောက်ပါအတိုင်းဖြစ်နေပါလိမ့်မယ်။
3 A 8 B 9 6
၃။ Triple cut လို့ခေါ်ပါတယ်။ joker A နဲ့ B ကို ရှာပါ ။ joker A နဲ့ B ရဲ့ ကြားထဲက ဖဲချပ်များကို ချန်ပြီး joker ရဲ့ အပေါ်နဲ့ အောက်က ဖဲချပ်များ ကို တစ်ခု နဲ့ တစ်ခု နေရာချိန်းပါ။ joker ဖဲချပ်က A ဖြစ်ဖြစ် B ဖြစ်ဖြစ် ရပါတယ် ။
ဥပမာ။
2 4 6 B 5 8 7 1 A 3 9 ဆိုရင် Triple cut လုပ်ပြီးတဲ့အခါမှာ 3 9 B 5 8 7 1 A 2 4 6 ဖြစ်သွားပါလိမ့်မယ်။ အကယ်လို့ joker က ထိပ်ဆုံး သို့ အောက်ဆုံးကို ရောက်နေရင်လည်း အောက်ပါအတိုင်းနေရာလဲပါ။
B 5 8 7 1 A 3 9 ဆိုပါစို့ ။
3 9 B 5 8 7 1 A ဖြစ်သွားပါမယ် ။
B 5 8 7 1 A ကတော့ မပြောင်းလဲပါဘူး ။
၎။ Count cut လို့ ခေါ်ပါတယ် ။ ဖဲထုပ်အောက်ဆုံးကတ်ကို ကြည့်ပါမယ်။ သူ့တန်ဖိုးအတိုင်း အပေါ်ဆုံး ကတ်ကနေ စရေတွက်ပြီးယူပါမယ် ။ ပြီးရင် အဲဒီကတ်တွေကို အောက်ဆုံးကတ်ရဲ့ ရှေ့မှာ ကပ်ပြီးထည့်ပါမယ်။ ကတ်တန်ဖိုးယူတဲ့အခါမှာ ညှင်း . ဒေါင့် . ဟတ် . စပိတ် ဆိုပြီးစီရပါမယ် ။ ဆိုလိုတာက ညှင်းဆိုရင် မူရင်း တန်ဖိုး ဒေါင့် ဆိုရင် မူရင်းတန်ဖိုး + ၁၃ ဖြစ်ပါမယ် ။ဟတ်ဆိုရင် မူရင်းတန်ဖိုး+၂၆ ဖြစ်ပါမယ် ။ joker နှစ်ခုလုံး တန်ဖိုးကိုတော့ ၅၃ လို့ပဲ ယူဆပါမယ် ။ ၅၃ ဆိုရင်တော့ ဖဲထုပ်ဟာ ဒီအတိုင်းပဲ ရှိနေမှာ ဖြစ်ပါတယ် ။(ဖဲ ၅၄ ချပ် သာရှိလို့ပါ)
ဥပမာ။ ….. 4 5 ….. … 8 9 ဆိုပါတော့ ။ ရှေ့ဆုံးကနေပြီး ၉ ကတ်မြောက်က ၄ ဖြစ်မယ်ဆိုရင် ၄ အထိ ကတ်တွေအားလုံးကို ယူပြီး နောက်ဆုံးကတ်ဖြစ်တဲ့ ၉ ရဲ့ အရှေ့မှာကပ်ထားရပါမယ် ။ ဒါဆိုရင် 5…. ……. 8 …. .. … .4 9 ဖြစ်သွား ပါလိမ့်မယ်။
၅။ Output card ကိုရှာပါမယ်။ ဖဲထုပ်အပေါ်ဆုံးအချပ်ကို ကြည့်ပါ။ သူ့တန်ဖိုးအတိုင်း အပေါ်ဆုံးကနေ စပြီး ရေတွက်ပါ။ ကျတဲ့ကတ်က ပထမဆုံး output card ပါပဲ။ ကတ်တွေရဲ့ တန်ဖိုးကိုတော့ အဆင့် (၄)မှာ ယူတဲ့ အတိုင်းယူပါ။ အကယ်လို့ ကျတဲ့ကတ်က joker ဆိုရင်တော့ keystream မှာ အဲဒီနေရာမှာ null လို့ ယူဆ ပါမယ်။
၆။ Output card ကနေ number ကိုပြောင်းပါမယ်။အောက်ပါအတိုင်းပြောင်းပါ။
၁ ညှင်း မှ ကင်း ညှင်း အထိ ၁ မှ ၁၃
၁ ဒေါင့် မှ ကင်း ဒေါင့် အထိ ၁၄ မှ ၂၆
၁ ဟတ် မှ ကင်း ဟတ် အထိ ၁ မှ ၁၃
၁ စပိတ် မှ ကင်း စပိတ် အထိ ၁၄ မှ ၂၆
ဒါဆိုရင် ကျွန်တော်တို့ဟာ solitaire ကို အသုံးပြုပြီး အက္ခရာတစ်လုံးကို ဘယ်လို ဖော်သလဲဆိုတာ သိလောက် ပါပြီ။ ကြိုက်သလောက် keystream စာလုံးအရေအတွက်ကို ဖန်တီးလို့ ရပါတယ်။

No comments:

Post a Comment