Jan 25, 2010

Blog template ပြင်ခြင်း

ဒီဘလော့လေးကတော့ ဘလော့လောကကို စ၀င်တုန်းက လုပ်ခဲ့တာလေးပါ။ http://familylover.blogspot.com/ အခုတော့လည်း ပစ်ထားခဲ့တာ ကြာပါပြီ။ ဒီနေ့ စိတ်ကူးရလို့ Template ပြောင်းလိုက်ပါတယ်။ ကြည့်ကောင်းသွားအောင်၊ အဲဒါနဲ့ widget တွေအားလုံးနဲ့ အရင်က ဘလော့မှာရှိတဲ့ javascript file တို့ css ပြောင်းထားတဲ့ ကုတ်တွေအားလုံးကို notepad နဲ့ မှတ်ပြီး နောက် Template ကို ပြောင်းလိုက်ပါပြီ။ Blogger Template ကို လိုက်ရှာတယ်။ Shine ဆိုတဲ့ Template ကိုကြိုက်ပြီး ဒေါင်းပါတယ်။ အဲဒီမှာ XML ဖိုင်လေးပါလာပါတယ်။ အဲဒါကို Layout => Edit HTML => upload ကနေပြီးတင်လိုက်ပါတယ်။အဲဒီအတိုင်း ဖြစ်သွားပါပြီ။ လှလည်းလှတယ် ၊ အဲဒီမှာမှ အရင် notepad နဲ့ မှတ်ထားတာတွေကို ပြန်ဖြည့်လိုက်ပါတယ်။ အရင်တုန်းက မပြီးပြတ်ခဲ့တဲ့ ပိုစ့် အသစ်တင်ပါတယ်။ နောက်ပိုင်းဒီဘလော့ကို မှတ်သားစရာလေးတွေရေးသားဖို့ထားသွားမယ် လို့စိတ်ကူးထားပါတယ်။ အခု ဘလော့ကိုတော့ Computer နဲ့ ဆိုင်တဲ့ Article တွေကို ရေးသားသွားဖို့ စိတ်ကူးထားပါတယ်။