Jan 12, 2010

Hosting on code.google.com for hotlinks

ဟိုးအရင်နေ့တွေ ကတည်းက ရှာနေတာ hotlink လိုမျိုး hosting site ကို ပုံလေးတွေ javascript ကုတ်လေးတွေ။ CSS file လေးတွေ upload တင်ပြီး blog မှာ သုံးမလို့ ။ အခုတော့ တွေ့ပြီ ။ GOOGLE CODE တဲ့။ ဟိုနေ့က သုံးတဲ့ SITE.GOOGLE ကတော့ upload ရပါတယ်။ ဒါပေမယ့် download ချလို့ပဲ ရတယ်။ link အနေနဲ့ ယူသုံးလို့ မရဘူး။ အခု GOOGLE CODE ကတော့ storage space 2048 MB ပေးပါတယ်။ သုံးရတာလဲလွယ်တယ်။ အောက်မှာ အဆင့်ဆင့်ပြထားပါတယ်။ Google new product ကို သွားပြီးတော့ Code ဆိုတာကို ရွေးပါ။ပြီးရင် Product hosting ကို ရွေးပါ။

အဲဒီမှာ Contributing open source code ထဲက Go to the Create Project ကနေပြီး create project လုပ်ပါမယ်။

အဲဒီမှာ Contribute open source ကနေပြီးတော့ နာမည်တွေကို ဖြည့်ပြီး create လုပ်ပါမယ်။ ပုံကိုကြည့်ပါ။


အားလုံးပြီးပြီဆိုရင်တော့ google code ကနေ ပြီး project ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ကြိုက်ရာကို upload တင်နိုင်ပါတယ်။ တင်ဖို့အတွက် Downloads ကနေပြီး New download ကို ရွေးပါ။ upload တင်ပြီး အသုံးပြုလို့ ရပါပြီ။ အမှန်ကတော့ google ကနေပြီး programmer တွေအတွက် ပေးထားတာပါ။ :P အဲဒီမှာ ပုံတွေလည်းတင်လို့ရပါတယ်။