Jan 7, 2010

Shopping Cart သဘောတရား

Shopping Carts ဆိုတာကတော့ ဈေးဝယ်တဲ့ခြင်း လေးပါပဲ။ သူကတော့ Online shop တွေမှာ ဈေးဝယ်တဲ့ အခါ user က ၀ယ်လိုက်တဲ့ ပစ္စည်းစာရင်းကို temporary မှတ်တဲ့နေရာမှာ သုံးပါတယ်။ Online shop တွေကနေ user တွေကို purchase မလုပ်ခင်(မ၀ယ်ခင်) အချိန်အထိ အဲဒီပစ္စည်းစာရင်းကို လိုအပ်သလို ပေါင်းထည့်ခြင်း၊ ပြင်ဆင်ခြင်းများ လုပ်နိုင်ပါတယ်။ တစ်ခါ ၀ယ်ယူပြီးတာနဲ့ အဲဒီ Shopping Cart ထဲက ပစ္စည်းစာရင်းကို ဖျက်ပစ်လိုက်ပါတယ်။
အောက်ကပုံကတော့ Shopping Cart အခြေခံကို ပြထားတာဖြစ်ပါတယ်။ အဲဒီမှာ ပြထားတာက Online shop ဟာ user တစ်ယောက်က ရွေးထားတဲ့ ပစ္စည်းစာရင်း (Shopping Cart) ကို အဲဒီ user ရဲ့ identification code နဲ့ အတူ အဲဒီ computer ထဲမှာပဲ cookie အနေနဲ့ save လိုက်ပါတယ်။ ဒါကြောင့် user ဟာ browser ကို ပိတ်ပြီး ထွက်သွားသိတိုင် နောက်တခါ အဲဒီ Online shop ကို ပြန်ဝင်တဲ့ အခါမှာ Shopping Cart ဟာ မူလအတိုင်းပြန်ရှိ နေမှာ ဖြစ်ပါတယ်။

MORE INFO ==> http://www.emarketingdictionary.com/Internet_Marketing_dictionary_Shopping_Cart_definition.html

No comments:

Post a Comment